Blogger Widgets
CLICK HERE FOR FREE BLOGGER TEMPLATES, LINK BUTTONS AND MORE! »
skip to main | skip to sidebar
ကျွန်တော့် Blog ကို အထူးကူညီပေးတဲ့ဆရာက ကိုပြည့်ဖြိုး (MMitd) ပါခင်ဗျာ။ ကျွန်တော့် site ကိုအလည်လာကြသူများတခုခုတော့ရသွားစေချင်ပါတယ်။ လိုအပ်တာများကိုလည်း COMMENTS မှာရေးပေးကြပါခင်ဗျာ။

Tuesday 16 April 2013

၂၀၁၃ မဟာသင်္ကြန်စာ

နည်းပညာနှင့်တော့မပက်သက်ပါ။
အများလေ့လောဗဟုသုတရရန်တင်ပြခြင်း
ဖြစ်ပါသည်။


၂၀၁၃ မဟာ သင်္ကြန်စာ
++++++++++++++++++++++++++++++++++++++++++

သာသနာနှစ် ၂၅၅၅-ခု၊ ကောဇာသက္ကရာဇ် ၁၃၇၄-ခု၊ ခရစ်နှစ် ၂၀၁၃-ခု၊ နှောင်းတန်ခူးလဆန်း ၄ ရက်၊ ဧပြီလ ၁၄ ရက်
နေ့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ သင်္ကြန်ချိန်ခါသမယ နှစ်သစ်ကူးသည် ဖြစ်လေရာ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညို၊ ပုဏ္ဏားဘကွန်း၊
ဟူးရားအဆူဆူ ၊ ဗေဓက၀ိအဖုံဖုံ ဦးမောင်မောင်သန်းမှအစ စံ-ဇာဏီဘိုအဆုံး မြင်မြင်သမျှ ငါ့ဆရာဟု မှတ်ယူလေသည့်
က၀ိအကျော် ငါလူမော် အောင်ကျော်ချမ်းအေး၊ မန္တလေးအစ ရန်ကုန်အဆုံး ခြေထောက်ဗွေပေါက်၍ နေလေသော ငါ ဆရာ ငကျော်
သင်္ကြန်စာ အပီအဟုတ်ကို အမှီရေးထုတ်ရလေသော်....

ဧပြီလ ၁၄ ရက်၊ ရန်ကုန်မြို့တော်ဝန် ရေကစားမဏ္ဍပ်မှ ရေစလွှတ်ချိန်၌ သင်္ကြန်ကျ၏။ မဟာသင်္ကြန်ကျသော အချိန်တွင်
တနင်္ဂနွေ ဂြိုဟ်မင်းသည် လက်တစ်ဖက်က ငါးထောင်တန်ဖုန်း၊ အခြားလက်တစ်ဖက်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူကိုကိုင်၍
လိုင်ဇာသို့ တိုရိုတာ လိုက်အေ့စ်စီးကာ ငြိမ်းချမ်းရေးအလံလွှင့်လျက် ဆူဆူညံညံ အသံဗလံ မျိုးစုံပြုကာ လူ့ပြည်သို့ ဆင်း၏။
အခါအခွင့် ကြာမလင့်စေခြင်းငှာ နန်းသီရိမောင်အမည်ရှိ နတ်သမီးသည် သင်္ကြန်မဏ္ဍပ်ပေါ်တွင် ဒစ္စကိုဒွန့်ရန် အချိန်ကြရောက်ပြီ
ဖြစ်သဖြင့် လက်ထဲတွင်ကိုင်ထားသော ဂွမ်မော် ဦးခေါင်းအား မြောက်အရပ်ရှိ လိုင်ဇာသို့ မျက်နှာမူ၍ ကျောင်းဆွေးဆွေး၊ ငါဆွေးဆွေး
ထိုင်ခုံသာ ဆွေးမည် ကျောင်းသားဘ၀ မာန်မချသော ရှစ်ပူး ကျောင်းသားအိုကြီးများလက်သို့ ကမ်းလင့်၏။ တိုးတက်ဝေစည်၊ ရွှေမြန်ပြည်၏
ဘီကီနီ ရှိုးပွဲ ၊ အလီလီနွှဲမည်ဟု အမှန်အဟုတ် အကြံထုတ်ကြကုန်သော ခေတ်၏ သမီးပျို၊ လုံမအိုတို့၏ အဥုပ်အရှောင်တကာ့ထိပ်ခေါင် ဇွန်သဉ္ဖာ
အမည်ရှိ နတ်သမီးသည်လည်း ဂျီစရင်း (G-String) ၊ ဗီစရင်း (V-String) တို့ထက်သာအောင် အပ်ချည်ကြိုးစရင်း ကို ၀တ်ကာ အိုပါဘားမားစတိုင် တီးလုံးဖြင့်
တနင်္ဂနွေဂြိုဟ်မင်းအား ကြိုလင့်လတ္တံ့။

ယင်းသို့သော အထူးထူး၊ အထွေထွေ ၊ ၀ိသေသ လက္ခဏာအဟုတ်တို့ဖြင့် မဟာသင်္ကြန်သရုပ်ကို ဖော်ထုတ်ကြလေကုန်သောကြောင့်
မိုးဦးတွင် ဆည်ဖောက်သလို တ၀ုန်းဝုန်း ရွာလတ္တံ့၊ မိုးလယ်တွင် အိမ်ဆောက်ပစ္စည်းတို့အား တိုးဝယ်ရလတ္တံ့၊ မိုးနှောင်းတွင် တစ်မျိုးပြောင်းကာ
အဆိုးအကောင်းအစုံစုံဖြင့် ရွာချင်သလို ရွာလတ္တံ့။ အားအားရှိ ဆန္ဒပြလိုသူများ မိုးဦးကျ မှိုများကဲ့သို့ ပေါလတ္တံ့။ ယောက္ခမ စောင့်ကြည့်ရေး ကော်မတီ၊
ယောက်ဖ အချိန်မှန် အိမ်ပြန်မပြန် စောင့်ကြည့် အစီရင်ခံရေးကော်မတီ အစရှိသည်ဖြင့် ကော်မတီအလျှိလျှို ပေါ်ပေါက်လတ္တံ့။ ဂျာနယ်များနှင့်အပြိုင်
သတင်းစာများ အဟုန်ပြင်းပြင်း ပေါ်ထွက်လတ္တံ့။ ဘောလုံးဂျာနယ်များ ရွှေထီးဆောင်းရာကနေ ငွေထီးပြောင်းဆောင်းရလတ္တံ့။ သတင်းဂျာနယ်များ
အရင်းပြုတ်၍ တင်းကုပ်ပြန်ရလတ္တံ့။ ခရိုနီ။ ခရိုပြာများ ခေါင်းပေါင်းပေါင်းလတ္တံ့။ မီးပွိုင့်များတွင် တစ်စောင် ထောင့်ငါးရာဖြင့် ရောင်းချနေသော FDI Law အစရှိသည့်
ဘာလော၊ ညာလောများ နှစ်ဆတိုး၍ ရောင်းကောင်းလတ္တံ့။ ၀န်ကြီးအပေါင်း ကုလားထိုင်လှုပ်လေသောကြောင့် ဘုရားဖက်၍ တရားမက်ကြလတ္တံ့။
အနောက်တောင်မှ မွတ်ကုလားနှင့် အရှေ့မြောက်မှ ဓါးမနှစ်ချောင်းအလံလုပ် လူမိုက်များ စားကျက်သစ်ရှာလတ္တံ့။ အစ်မ ၊ အစ်မ လုပ်သူများနှင့် အဘ အဘ လုပ်သူများ
လက်ဖက်ရည်ဆိုင်မှအစ မာဆတ်အလယ်၊ ဘီယာဆိုင်၊ ကေတီဗီနှင့် စင်တင်အဆုံး နပန်းဖက်လုံးကြလတ္တံ့။

ရက်ကို လစောင့်အံ့။ လကို ယုန်စောင့်အံ့။ နေကို ဒေါင်းစောင့်အံ့။ ဒေါင်းကို ခါတော်မီ ဒီမိုများစောင့်အံ့။ မြို့တော်ခန်းမကို ဆန္ဒပြသူများ စောင့်အံ့။
ဆန္ဒပြသူတို့ကို ဗီနိုင်းဆိုင်ပိုင်ရှင် မာမွတ်နှင့် ရေသန့်ဗူးကုမ္ပဏီ ပိုင်ရှင် အကိန်း တို့စောင့်အံ့။ ဗလီကို ကုလားစောင့်အံ့။ ကုလားကို အိုအိုင်စီစောင့်အံ့။
လွှတ်တော်ကို ရိုဟင်ဂျာစောင့်အံ့။ မီးပွိုင့်တို့၌ ယာဉ်ထိန်းရဲစောင့်အံ့။ ပြန်ဆိုတေးနှင့် လိုက်ဖ်ရှိုးတို့အတွက် ထုတ်လုပ်သူများ ငွေထုပ်ပိုက်၍ စောင့်အံ့။
ပြည်တော်ပြန် အဆိုတော်များ ခါတော်မီ လုပ်စားအံ့။ ရသမျှ သိမ်းကျုံးယူ၍ ထုံးစံအတိုင်း ပြည်တော်ပြန်ဦးလတ္တံ့။

ခြေနှစ်ချောင်းတို့၏ အဓိပတိကား မွတ်ဒေါင်းဖြစ်၏။ ခြေလေးချောင်းတို့၏ အဓိပတိကား ဖွတ်စောင်းဖြစ်၏။ ငှက်တို့၏ အဓိပတိကား တောကျီးကန်းဖြစ်၏။
ဆိုင်တို့၏ အဓိပတိကား ဘီယာဆိုင်ဖြစ်၏။ ရောင်းကုန်တို့၏ အဓိပတိကား တရုတ်ဟန်းဆက်ဖြစ်၏။ ပြပွဲတို့၏ အဓိပတိကား ကားပြပွဲများဖြစ်၏။
စာအုပ်တို့၏ အဓိပတိကား မျက်ခွက်စာအုပ် ဖြစ်လေ၏။

ယခုနှစ်အတွက် (၇) ရက်သားသမီးများအဖို့ ယတြာကား..

တနင်္ဂနွေ သားသမီးများ - ဆေး ၂ ရှိ ရေပန်းမှထွက်သော ရေအား ရေဖလားဖြင့် သက်စေ့သောက်လေ၊

တနင်္လာ သားသမီးများ - ဆေး ၂ နောက်တွင်ရှိသော ကန်စွန်းရွက်ခင်းထဲသို့ Superman ဟု လေးကြိမ် ကြွေးကြော်ကာ ခုန်ချပါလေ၊

အင်္ဂါ သားသမီးများ - ကျောင်းခေါ်ချိန် ၇၄ % ဖြင့် မိဘခေါ်တွေ့နိုင်သဖြင့် Dbar Dbar ဟု နီးစပ်ရာ ဘုရားတွင် ပုတီး ၇၄ ပတ်စိတ်ပါလေ။

ဗုဒ္ဓဟူး သားသမီးများ - လိုင်ဇာသို့ လမ်းလျှောက်၍ တဖုံ၊ လှည်းစီး၍ တစ်မျိုး၊ လှေဖြင့်တသွယ် မရောက်ရောက်အောင် သွား၍ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဟု ဂွမ်ရှောင်( KIA ) အား ပြောပါလေ။

ကြာသပတေး သားသမီးများ -ကျောင်းလေးကျောင်းမှ မြေကြီးများကို ကိုယ်နှင့်မကွာ ဆောင်ပါလေ။

သောကြာ သားသမီးများ - သက်တောင့်သက်သာဖြင့် ဟိုးဟိုးကျော်စေရန် ဟိတ်ကြီးဟန်ကြီးဖြင့် Lecture ခန်းသို့ များများတက်ပါလေ။

စနေ သားသမီးများ - နှစ်ခါ ၀ါလျှင် တစ်ခါနီနိုင်သောကြောင် အ၀ါရောင် အင်္ကျီကို ၀တ်ကာ trip ထွက်ပါလေ။

ဤတွင် ၂၀၁၃ မဟာသင်္ကြန်စာ ပြီး၏။ ဗေဒက၀ိ ပညာရှိ ကျော်ကြီး ဟောကိန်းထုတ်သည်။ ယုံသည်ရှိ၊ မယုံသည်ရှိ ကိုယ့်အာသီသဖြင့်သာ တရုတ်ဂုဏ္ဏော အနန္တောဟု သုံးကြိမ်ရွတ်ကြကုန်လော့။

ကိုယ့်ဆြာတွေစီက တုဆုပြုပြင်ထားသှ်။။။။။။။။။။။။။။။
ကိုထွန်းလင်း(တာပွန်)မှနွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

No comments:

Post a Comment