Blogger Widgets
CLICK HERE FOR FREE BLOGGER TEMPLATES, LINK BUTTONS AND MORE! »
skip to main | skip to sidebar
ကျွန်တော့် Blog ကို အထူးကူညီပေးတဲ့ဆရာက ကိုပြည့်ဖြိုး (MMitd) ပါခင်ဗျာ။ ကျွန်တော့် site ကိုအလည်လာကြသူများတခုခုတော့ရသွားစေချင်ပါတယ်။ လိုအပ်တာများကိုလည်း COMMENTS မှာရေးပေးကြပါခင်ဗျာ။

Thursday 11 July 2013

Google ကနေငွေလွှဲပြောင်းနိုင်ပြီ

Google ကနေငွေလွှဲပြောင်းနိုင်ပြီ
( ၀င်းကမ္ဘာကျော်ဘလောဂ်မှ ကူးယူဖေါ်ပြပါသည် )
Google update လုပ်ပေးလိုက်တဲ့ Gmail တွင် ပိုက်ဆံ လွှဲပြောင်း ပေးပို့ နိုင်သော လုပ်ဆောင်မှု Feature အသစ် တစ်ခုပါရှိလာပြီး သင်၏ Bank account (သို့ ) Google wallet balance မှနေ၍ တိုက်ရိုက် email attach အနေနဲ့  ပေးပို့ နိုင်ပါပြီ။ 

သင့်မှာ Gmail account မရှိသည့်တိုင်အောင် Google Wallet ကို အသုံးပြု၍ "Send money" button နဲ့  ပိုက်ဆံပေးပို့  နိုင်ပါတယ်။ သင်၏ Bank account ကို Google Wallet နဲ့  တိုက်ရိုက် ချိပ်ဆက်ထားပါက ပိုက်ဆံပေးပို့ မှုအတွက် "FREE" ဖြစ်ပြီး Credit card / Debit card တို့ နှင့် ချိပ်ဆက်ထားပါက အလွန်သက်သာသော ဝန်ဆောင်မှု နှုန်းထား (of 2.9% per transaction (m...inimum $0.30)) ပေးဆောင် ရပါမယ်။ ပိုက်ဆံ လက်ခံရယူမှုကတော့ အမြဲတမ်း "Free" ဖြစ်ပါတယ်။ ဝန်ဆောင်မှုများအားလုံးကို လုံခြုံစိတ်ချမှု အပြည့် ရှိပါတယ်လို့  ပြောထားပါတယ်။
ဒီဝန်ဆောင်မှုကို Desktop version မှာ အားလုံး အသုံးပြုနိုင်ပြီး Mobile version အနေနဲ့  တော့ အမေရိကန်နိုင်ငံရှိ သတ်မှတ်ထားသော Android mobile device များတွင်သာ အသုံးပြုနိုင်ပါသေးသည်။
ငွေပို့ သူရော ငွေလက်ခံသူရောပါ အနည်းဆုံး "Google Wallet" account ဖွင့်ရန်လိုအပ်ပြီး မိမိ၏ Bank account, Credit account, Debit account တစ်ခုခုနှင့် ချိပ်ဆက်ထားရမှာ ဖြစ်ပါတယ်။
Update လုပ်ထားသော Gmail တွင် Compose လုပ်သည့်အခါ Attachment Option တွင် "$" icon အသစ်ကို
မြင်တွေ့  ရမှာဖြစ်ပါတယ်။ "$" button ကိုနှိပ်၍ တိုက်ရိုက် ပေးပို့  နိုင်ပါပြီ။
Google ဟာ Apple iOS mobile device များ အတွက် App ကို မကြာမီ ထုတ်ပေးလာမယ်လို့  မျှော်လင့်ရပါတယ်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
အသုံးပြုနိုင်သော Mobile Device list ကိုhttp://support.google.com/wallet/bin/answer.py?hl=en&answer=1347934တွင် ကြည့်ရန်...
အသေးစိတ်လေ့လာရန်
http://www.google.com/wallet/
Credit to : google , မိုးသိကြား
ကိုလတ်(ကျွဲဆင်း)
ကိုထွန်းလင်း(တာပွန်)မှနွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

No comments:

Post a Comment