သင့် computer ဟာ အသုံးများလာတာနှင့်အမျှ သုံးနေတဲ့မသိဘဲ ဖိုင်တွေပိုများလာပါတယ်။
အဲဒီအတွက် ဖျက်နိုင်မယ့်နည်းလမ်းများကို တက်နိုင်သမျှရှာဖွေရေးသားပေးလိုက်ပါတယ်။
အပြည့်အစုံတော့မဟုတ်ပါ။
(၁) Temp (temporay) ဖိုင်များကိုဖျက်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိသုံးနေတဲ့ (သို့မဟုတ်)
ဒီနေ့လုပိနေတဲ့ Temp ဖိုင်များကိုတော့ မဖျက်ပါနဲ့။ Start / Run မှာ % temp% လို့ရိုက်ပြီး
ပေါ်လာတဲ့ ဖိုင် Name ကို Detials နှင့် ကြည့် ပြီး (သို့မဟုတ်) Date Modified လုပ်ပြီး ယခင်
Temp ဖိုင် အဟောင်းများကိုဖျက်နိုင်ပါတယ်။
(၂) ၀င်းဒိုးစနစ်မှာပါတဲ့ Disk Cleamup ကိုမကြာခဏသုံးပါ။ Start/ All Programs/ Accessories/
System tTools/ Disk Cleamup ကိုသုံပါ။
(၃) အရေးတကြီးမလိုအပ်ဘဲ Software မှားကိုမတင်ပါနှင့်။ တင်ထားရင်လည်း Start / Control Panel/
Add or Remove Programs မှာရှာပြီးမလိုတာတွေဖျက်ပါ။
(၄) အင်တာနက်သုံးတဲ့ကွန်ပျူတာတွေမှာမလိုတဲ့ ဖိုင်တွေပိုလာတက်ပါတယ်။ Internet Explorer မှာ Tools ကိုကလစ်လုပ်ပြီး
Internet Options အားဖွင့်ပါ။ Grneral (tab) တွင် Delete Cookies ; Delete Files ;Clear History တို့ကို ကလစ်လုပ်ဖျက်နိုင်ပါတယ်။
Mozilla Firefox မှာ Tools / Options ကိုဖွင့်ပြီး Pravicy (tab) သို့ပြောင်းပါ။ Clear Nowကိုဖွင့်ပြီး History; Cache; Cookies
တို့ကိုရှင်းထုတ်နိုင်ပါတယ်။ သတိပြုစရာတချက်က History; Cache; တို့ကိုရှင်းထုတ်လျှင် နောက်တခါ အဲဒီ Website ဖွင့်တဲ့အခါ ကြာကောင်း
ကြာပါလိမ့်မယ်။
(၅)မလိုအပ်တဲ့ဖိုင်များကို သီးခြား Software သုံးပြီးဖျက်နိုင်ပါတယ်။ ဥပမာ Symatec's Clean Sweep ကိုသုံးပါ။ သူရဲ့ First & save Cleanup
(feature) ဟာတော်တော်ကောင်းတယ်လို့ ညွှန်းပါတယ်။ အခြား Software များလည်းသုံးနိုင်ပါတယ်။
(၆) လိုလိုမယ်မယ် ဖျက်နိုင်မယ့် Extension များကိုလည်းဖေါ်ပြပေးပါမယ်။
*.* , *-.*, *.1st, -$*; .doc, *.bak; *.cab; *.chk; *.dos; *.fts; *.gid; *.log; *.old; *.prv; *.shs; *.tmp; *.wbk တို့ကို
မိမိတို့ အတွေ့အကြုံအရဖျက်နိုင်ပါတယ်။
(၇) အချို့ဖိုင်များသည် Hidden လုပ်ထားလို့မမြင်နိုင်ပါ။ ယင်းအတွက် View/ Options (သို့မဟုတ်) Tools / Folder Options ကိုဖွင့်ပါ။
Folder Options (box) ပေါ်လာလျှင် View (tab) သို့ပြောင်းပြီး Show Hidden Files and Folders ကိုအမှန်ခြစ်ပါ။ Hidden လုပ်ထား
တဲ့ File များကိုမြင်ရပါမယ်။
(၈) Thamb.db ဖိုင်များသည်တကယ်တော့မလိုအပ်ပါ။ Search နှင့် ရှာပြီးဖျက်နိုင်ပါတယ်။ ဒါပေမယ့်ပုံတွေပြန်ကြည့်ျွှိုင်းတိုးလာမှာပါ။
ယင်းဖိုင်များမပေါ်စေချင်ရင် Tools/ Folder Options သို့ဝင်ပြီ်း View (tab) သို့ပြောင်းပါ။ Do not cache thumbnails ကိုအမှန်ခြစ်ပါ။
(၉) Start/ Run မှာ prefetch လို့ရိုက်ထည့်ပြီး ပေါ်လာတဲ့ ဖိုင်များကိုဖျက်ထုတ်ပါ။ ထို့အတူ recent လို့ရိုက်ထည့်ပြီး ပေါ်လာတဲ့ ဖိုင်များကိုဖျက်ထုတ်
နိုင်ပါတယ်။
(၁၀) တကယ်လို့မလိုအပ်ဘူးထင်တဲ့ဖိုင်များကိုဖျက်ပြီးမှ သံသယ၀င်လာရင် အဆိုပါဖိုင်များကို Folder တခုတည်းထည့်ထားပြီး ZIP လုပ်ပါ။
တလလောက်သုံးပြီးမှ အမှားမပြရင် သို့မဟုတ် ဖျက်ထားတဲ့ဖိုင်များကိုပြန်မတောင်းရင် အပြီးဖျက်ပါ။
သင့် ရဲ့ ကွန်ပျူတာဟာအလွန်မြန်ပြီး Space တွေပိုထွက်လာပါလိမ့်မယ်။

ကိုထွန်းလင်း(တာပွန်)မှနွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။
No comments:
Post a Comment