Blogger Widgets
CLICK HERE FOR FREE BLOGGER TEMPLATES, LINK BUTTONS AND MORE! »
skip to main | skip to sidebar
ကျွန်တော့် Blog ကို အထူးကူညီပေးတဲ့ဆရာက ကိုပြည့်ဖြိုး (MMitd) ပါခင်ဗျာ။ ကျွန်တော့် site ကိုအလည်လာကြသူများတခုခုတော့ရသွားစေချင်ပါတယ်။ လိုအပ်တာများကိုလည်း COMMENTS မှာရေးပေးကြပါခင်ဗျာ။

Monday 24 December 2012

နှစ်သိန်းတန်နှင့် နှစ်သိန်းခွဲတန် ဖုန်းများ၌ Caller Ring Back Tones စနစ်အသုံးပြုနိုင်ပြီ

မိတ်ဆွေသူငယ်ချင်းများက မိမိထံဖုန်းခေါ်ဆိုသောအခါ ပုံမှန်မြည်နေသော ဖုန်းမြည်သံအစား သီချင်းသံစဉ်များ ကြားနိုင်မည့် Caller Ring Back Tones စနစ်ကို နှစ်သိန်းတန် နှင့် နှစ်သိန်းခွဲတန်ဖုန်းများတွင် စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ www.ytune.com.mm ၀က်ဘ်ဆိုက်သို့ ၀င်ရောက်ကာ အဆိုပါစနစ်ကို အသုံးပြုနိုင်မည်ဖြစ် ကြောင်းသိရသည်။ ၎င်းဝက်ဘ်ဆိုက်သို့ ၀င်ရောက်ပြီး မှတ်ပုံတင်ရမည်ဖြစ်ကာ Y Tune ဘက်မှ လျှို့ဝှက်နံပါတ် ပြန်လည်ပို့ပေးမည်ဖြစ်ကြောင်း၊ လျှို့ဝှက်နံပါတ်ရရှိပြီးလျှင် ၎င်း Y Tune ၀က်ဘ်ဆိုက်ပေါ်တွင် လျှို့ဝှက်နံပါတ်ကိုထည့်ကာ သီချင်းများကို စတင်ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းစနစ်ကို အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို အသုံးပြုနိုင်မည်ဖြစ်ပြီး SMS စနစ်ဖြင့်လည်း မှတ်ပုံတင်ပြုလုပ်နိုင်ကြောင်း၊ ဖုန်းကုတ် နံပါတ် ၁၇၇၂ သို့ Reg ဟုရေးသား ၍ Message ပို့ပေးခြင်းအားဖြင့် မှတ်ပုံတင်ပြုလုပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ နှစ်သိန်းတန် နှင့် နှစ်သိန်းခွဲတန်ဖုန်းများ အတွက် Caller Ring Back Tones ၀န်ဆောင်မှုကို ရတနာပုံ တယ်လီပို့ကုမ္ပဏီမှ ဆောင်ရွက်ခြင်းဖြစ်ပြီး ဖုန်းတစ်လုံးအတွက် လစဉ်ကြေး နှစ်ထောင်ကျပ်နှင့် သီချင်းတစ်ပုဒ်အတွက် သုံးရာကျပ်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဂဏန်းကိုးလုံးရှိသော နှစ်သိန်းတန် GSM နှင့် WCDMA ဖုန်းများအားလုံးတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ၎င်း Y Tune စနစ်တွင် မိုဘိုင်းဖုန်း အချင်းချင်း သီချင်းသံ (Ring Tune) များကို လက်ဆောင်ပေးပို့နိုင်မည့် အစီအစဉ်တစ်ရပ်ကိုလည်း ပြုလုပ်ထားကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူကပြောသည်။ Y Tune ၀က်ဘ်ဆိုက်ပေါ်တွင် မိမိပေးပို့လိုသော သီချင်းအား လက်ဆောင်ဆိုသည့် ခလုတ် နှိပ်ရမည်ဖြစ်ကြောင်း၊ မည်သည့်ဖုန်းကိုပို့မလဲ၊ စားသားပေါ်လာပါက မိမိပေးပို့လိုသော ဖုန်းနံပါတ်ကို ရိုက်နှိပ်၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရ သည်။ ကျသင့်သောငွေကြေးကို မိမိ၏ဖုန်းငွေဖြည့်ကတ်ထဲမှ နုတ်ယူသွားမည်ဖြစ် ကြောင်းသိရသည်။ အဆိုပါစနစ်အတွက် Data ပို့ ဆောင်ခြင်း၊ ယူဆောင်ခြင်းတို့ကို SSL Certificate (Yatanarpon CA) အသုံးပြုထားပြီး အသုံးပြုသော Server များအားလုံးကို Secure Private Network အတွင်း ချိတ်ဆက်ထားကြောင်း သိရသည်။ Caller Ring Back Tones စနစ်ကို ၂၀၁၀ ခုနှစ် စက်တင်ဘာ လမှစတင်ကာ Fortune ကုမ္ပဏီမှ ၀န်ဆောင်မှုပေးခဲ့ပြီး လက်ရှိအသုံးပြုသူပေါင်း ၆ သောင်းကျော်ရှိကြောင်း၊ အင်္ဂလိပ်၊ မြန်မာ၊ တရုတ်၊ ကိုရီးယား စသည့် သီချင်းမျိုးစုံကို ထည့်သွင်းနိုင်မည် ဖြစ်ကြောင်းသိရသည်။
ကိုထွန်းလင်း(တာပွန်)မှနွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

No comments:

Post a Comment